သင်္ကြန် သို့မဟုတ် သေမင်းတမန်

12 04 2010

သင်္ကြန်ရောက်ပြန်ပြီ… သင်္ကြန်ဆိုတာက ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက် နှစ်စဉ်ကြုံတွေ့နေရတဲ့ ပွဲတော်တစ်ခုပါ.. သင်္ကြန်ရောက်ပြီဆိုတာနဲ့ ပိတောက်တွေလည်းပွင့်ရတယ်.. လူတိုင်းမှာလည်း သင်္ကြန်နဲ့ပက်သက်ပြီးတော့ ကိုယ်စီခံစားချက်လေးတွေနဲ့ ကိုယ်စီအတွေးလေးတွေနဲ့… သင်္ကြန်ရောက်ရင်တော့ဘာလုပ်မယ် ဘယ်လိုကျော်ဖြတ်မလဲဆိုတာ တွေးတဲ့သူတွေလည်းတွေးကြမယ်.. အစီအစဉ်တွေလည်းဆွဲကြမယ်.. သင်္ကြန်ရဲ့သရုပ်ကိုတော့ သူတို့တွေ ဖော်ကြူးကြမယ်လေ.. အရေးမလုပ်အားတဲ့သူတွေလည်း တပုံကြီးပါပဲ.. အရေးလုပ်တဲ့သူပဲဖြစ်ဖြစ် မလုပ်တဲ့သူပဲဖြစ်ဖြစ် သင်္ကြန်ကိုတော့ သေချာပေါက် သူတို့ကျော်ဖြတ်ကြရမှာပဲ.. အဓိပ္ပါယ်ရှိရှိကျော်ဖြတ်မယ် မကျော်ဖြတ်မယ်ဆိုတာကတော့ ကိုယ့်အတွေး ကိုယ်ခံယူတဲ့အပေါ်မှာပဲမူတည်တယ်လေ.. ဘယ်သူက ဘယ်လိုလုပ်မှ အဓိပ္ပါယ်ရှိတယ်ဆိုတာကတော့ ခေတ်ကာလကပြောင်းလဲလာတော့ အတပ်ပြောရခက်တယ်.. သူ့အတွေးနဲ့သူကတော့ မှန်နေတာပဲ.. သေချာပေါက်ကတော့ သင်္ကြန်ကိုလွန်ဆန်လို့မရတာပဲ..

ဘာလို့သင်္ကြန်ကိုလွန်ဆန်လို့မရတာလဲဆိုတော့ နည်းနည်းရှင်းလိုက်ရင်ပေါ်လာမှာပါ.. သင်္ကြန်ဆိုတာက နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ပြောင်းခြင်းဖြစ်တာကြောင့် သူ့ကိုလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ တစ်နှစ်ကတော့ ဟောင်းရတော့မှာပါ… နှစ်သစ်ကူးတယ်လို့လည်း ပြောရင်ပြော.. နှစ်ဟောင်းမကုန်ပဲနဲ့လည်း နှစ်သစ်ကမကူးပါဘူး.. နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတာက သူ့ကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူကတော့ ကုန်ရမှာပဲ.. ဒါကြောင့်သူ့ကို မလွန်ဆန်နိုင်ဘူးလို့ပြောတာပါ… ကျွန်တော်တို့က သင်္ကြန်ကို ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ပဲလို့ ယူဆထားသလို တခြားတိုင်းတပါး လူမျိုးခြားတွေကလည် သူတို့နဲ့မဆိုင်ဘူးလို့ တွက်ထားကြတယ်… ဒီသင်္ကြန် ဆိုတဲ့ နှစ်ဟောင်းကုန်ဆုံးမှု တနည်း တစ်နှစ်ကုန်ဆုံးမှု ဆိုတာကြီးကတော့ လူတိုင်းကို သူနဲ့ပက်သက်ထားတယ်.. ဘာလို့လဲဆိုတော့ တစ်နှစ်ကုန်တာဟာ ကျွန်တော်တို့မြန်မာလူမျိုးတွေမှ တစ်နှစ်ကုန်တာမဟုတ်ပါဘူး.. တနည်း တစ်နှစ် အသက်ကြီးလာတာမဟုတ်ပါဘူး… ဘယ်သူမဆို တစ်နှစ်ကုန်တိုင်း တစ်နှစ်ကုန်တိုင်း တစ်နှစ်အသက်ကြီးရတော့တာပါ… ဒါကြောင့်သူက လူတိုင်းကို သူနဲ့ပက်သက်ထားတယ်.. လူတိုင်းက သူနဲ့ပက်သက်နေရတယ်..

သင်္ကြန်ကို ပွဲတော်တွေလုပ်ပြီးပဲနွှဲနွှဲ ရေတွေသွန်းလောင်းပြီးတော့ပဲ ကျင်းပကျင်းပ .. အို.ကုန်ကုန် ကောင်းမှုကုသိုလ်လုပ်ပြီးပဲ သူ့ကို ကျော်ဖြတ်ကျော်ဖြတ်..နောက်ဆုံးတော့ တစ်နှစ်ကြီးရတာပါပဲ.. (ရေးရင်းနဲ့ပဲ သေခြင်းတရားဖက်ရောက်လာသလား မပြောတတ်ပါဘူး.. ရေးလက်စနဲ့တော့ မထူးတော့ပါဘူး..ဆက်လိုက်တော့မယ်) သေချာတွေးကြည့်လိုက်တော့ ကိုယ်ကသင်္ကြန်ကိုနွှဲရမလားအောက်မေ့တယ်.. တကယ်တမ်းကျတော့ သူကကိုယ့်ကို နွှဲသွားတာကိုး… ဒါကြောင့် သူများအသက်မေးတဲ့အခါ အရင်နှစ်ကထက် တစ်နှစ်ကြီးပြီးပြောရတယ်.. သင်္ကြန် လက်ချက်တွေလေ.. မြန်မာလူမျိုးတွေကသာ သင်္ကြန်ကိုနွှဲတာ သင်္ကြန်ကတော့ လူတိုင်းကို နွှဲသွားတယ်… ဒါကြောင့်လူတိုင်း ကိုယ့်ကိုယ်ကို ပြန်ကြည့် အရင်နှစ်ကလိုမျိုးရုပ်တွေရှိသေးလားလို့… ငယ်ရုပ်လေးတွေ ပျောက်ပျောက်ကုန်တယ်.. ပြင်းတယ်နော်သင်္ကြန် လက်ချက်… သူကကိုယ့်ကို မညှာမတာနွှဲနေမှန်းမသိတော့ ကိုယ်က သူ့ကို ပျော်ပွဲရွှင်ပွဲလေးလုပ်ပေးပြီးတော့ ကိုယ့်ကိုနွှဲပွဲလေးကို အားပေးနေသလိုဖြစ်နေပြီ… ကျွန်တော်တို့တွေကသာ သင်္ကြန်ကဘယ်သူတွေနဲ့သာဆိုင်တယ်ဆိုပေမယ့် သူကတော့ သူ့ကို သိတဲ့သူပဲ ဖြစ်ဖြစ် မသိတဲ့သူပဲဖြစ်ဖြစ် မခွဲခြားဘူး.. အကုန်လုံးကို ကြီးအောင်လုပ်ပြစ်လိုက်တယ်.. အော်..နောက်ဆုံးတော့ သင်္ကြန်ဆိုတာ သက္ကရာဇ်ကြီးအောင်လုပ်တတ်သူပါလား..

သက္ကရာဇ်ကြီးလာတယ်ဆိုတာ ဂဏာန်းအရတိုးလာတာသက်သက်ပဲလို့မယူလိုက်ပါနဲ့.. ကိုယ့်ဂဏာန်းကြီးလာတာဟာ ကိုယ့်ကျန်တဲ့သက်တမ်းသေးသွားတာပါ. သေတော့မယ်လို့ပြောတာ.. အရင်နှစ်ကထက်စာရင် ဒီနှစ်က သေဖို့တစ်နှစ်နီးသွားတာပေါ့.. ဟုတ်တယ်နော်.. သိပြီးသားတွေပါ.. ဒီလိုမျိုးပြောလိုက်ရင်တော့ သိပါတယ်.. တခါလေကျတော့ မေ့တာတာပေါ့. ဟုတ်တယ်မလား.. ကျွန်တော်တို့တွေက အဲလို တစ်နှစ်သေဖို့နှီးလာတယ်ဆိုတာကို တခါတလေ အလုပ်များလို့ပဲဖြစ်ဖြစ် စား၊ ၀တ်၊ နေ ရေးကြောင့်ပဲဖြစ်ဖြစ်.. ချစ်ကြောင်း မုန်းကြောင်းပဲဖြစ်ဖြစ် မေ့မေ့နေကျတယ်လေ.. အဲလိုမေ့မေ့နေတာ ဘာနဲ့တူသလဲဆိုတော့ (ကျွန်တော့ ဆရာသမားတွေပြောတာ ကြားဖူးတာလေးပြန်ပြောမယ်) တီကောင်တွေက မျက်စိမပါလို့သူက မမြင်ရပါဘူး. မမြင်ရတဲ့အခါကျတော သူကရှေ့မှာဘာရှိတယ်ဆိုတာကို သူကမသိဘူး.. မသိတဲ့အခါကျတော့ သူကလည်း စား၊၀တ်၊နေ ရေးအတွက် အစာရှာရတယ်.. သူကမြေဆီ မြေနှစ်လေးတွေကို စားလိုက် ရှေ့တိုးသွားလိုက်နဲ့ပေါ့.. အဲဒီလိုပဲ ကြက်ကလေးတွေကလည်း အစာရှာရှာထွက်လာတယ်.. သူတို့လည်း မြေကြီးလေးတွေကို ယှက်လိုက် အစာရှာစားလိုက်နဲ့ ရှေ့တိုးတိုးလာတာပေါ့.. တီကောင်ဆိုတာက ကြက်တွေရဲ့အစာပါပဲ.. ဆိုတော့. တီကောင်လေးတွေက မမြင်ရလို့ သူ့သေမင်းတမန် ဆိုတဲ့ ကြက်ကလေးတွေ သူ့ဆီလာနေတာလည်းမသိတော့ မြေကြီးလေးစားကာ စားကာနဲ့ ပဲ ရှေ့ဆက်တိုးလာတာပေါ.. ဘာလို့ လို့ပြောလည်းဆိုတော့ ကျွန်တော်တို့တွေ စားချင်တာစား လိုချင်တာများရလို့ရှိရင် ပျော်မလား မပျော်ဘူးလားဆိုတာ စဉ်းစားကြည့်လိုက်ပါ.. အဲဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့ စားလိုက် ရှေ့တိုးလိုက်နဲ့.. သူကရှေ့တစ်လှမ်းတိုလေ သူ့သေမင်းနဲ့တစ်လှမ်းနီးလေပဲ.. ဒါကို သူကမမြင်ရလို့ မသိဘူးပေါ့. မသိလို့လည်းပဲ ပျော်နိုင်တာပေါ့.. သူကမတိုးလည်း သူ့သေမင်းတမန်ကတော့ တိုးလားမှာပဲ.. နောက်ဆုံး သူ့သေမင်းတမန်ရှေ့ကို လည်းရောက်ရော ကြက်ရဲ့စားဖတ်ဝါးဖတ်အဖြစ်ရောက်ရတော့တာပဲ..

အဲဒီတီကောင်လိုပဲ ကျွန်တော်တို့တွေက စီးပွားလေးရှာလိုက် အပန်းလေးဖြေလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဘ၀ကို ကျော်ဖြတ်လာကြတယ်..ကျွန်တော်တို့သေမင်းတမန်က တစ်နှစ်ပြီးတစ်နှစ် ကိုယ့်ဆီတိုးတိုးလားနေတယ်ဆိုတာကို မသိဘူး.. သိရင်လည်းနှလုံးမသွင်းဖြစ်တဲ့အခါ မေ့နေတာပေါ့.. အဲဒီလိုမေ့နေတဲ့အခါ တီကောင်လိုပဲဖြစ်နေပြီ.. မေ့တော့ ပျော်ပျော်နေနိုင်တာပေါ့. မနက်ဖြန်သေမယ်လို့သိရင် ဘယ်သူမှ ပျော်မှာမဟုတ်ပါဘူး.. သန်ဘက်ခါတွက်ဆိုပြီးတော့လည်း အစီအစဉ်တွေရှိတော့မှာ မဟုတ်ပါဘူး.. မသိလို့သာ အနာဂါတ်အတွက် အစီအစဉ်တွေ အများကြီးချပြီး အဲဒီအတိုင်းအရောက်သွားမယ်ပေါ့.. ကိုယ်ကအဲ့လို plan တွေလုပ်သာ လုပ်နေတယ် အသက်ကတော့ တဖြည်းဖြည်းကြီးကြီးလားပြီးတော့ သေမင်းဆီကို အရောက်သွားနေတယ်.. သေမင်းကလည်း ငါမင်းတို့အတွက်လာပြီလို့ နှစ်တွေကြီးကြီးပြ ပြီး ကိုယ့်ဆီအရောက်လာနေတာပဲ.. ကိုယ်ကလည်းပျော်ပျော်ပါးပါး ရှေ့တိုးလိုက် သေမင်းကလည်း သတ်မလို့ရှေ့တိုးလာလိုက်ပေါ့… တီကောင်နဲ့ ကြက်လိုပဲ.. တကယ်တော့ နှစ်တွေကြီးပြတယ်ဆိုတာ သေမင်းက သူမရောက်သေးခင် သေမင်းတမန်အရင်လွှတ်လိုက်တာပဲ.. ဒါကိုကိုယ်က မသိပဲပျော်နေတယ်ဆိုတော့ မသိပျော် ပျော်ပဲတဲ့.. (ဆရာသမားတွေပြောတာ) တီကောင်လိုပဲ မသိပျော်ပဲပေါ့..တီကောင်ကတော့ ထားတော့ သူကမမြင်ရလို့ ကိုယ့်သေမင်းကိုယ့်ဆီလာနေတာမသိတာ.. အခုဟာက ရက်စွဲတွေရေးတိုင်းရေးတိုင်း ခုနှစ်တွေတိုးတိုးပြီး ကိုယ်တိုင်ရေးနေရတာ.. ဒါကိုလဲ သေမင်းတမန်လို့ ဘယ်သူသုံးသပ်မိလဲမသိဘူး..သုံးသပ်မိတဲ့သူကတော့ အနည်းစုလောက်ပဲဖြစ်မှာပါ.. သေမင်းကသူမလာခင် အရင်ရှေ့က ရှေ့ပြေး သေမင်းတမန်ကို အရင်လွှတ်လိုက်ပါရဲ့နဲ့ မသိဘူးဆိုတာတော့ တီကောင်ထက် နည်းနည်း ပိုမဆိုးဘူးလား.. (နည်းနည်းလို့ပဲရေးတာ တကယ်ဆို အများကြီးလို့ရေးသင့်တာ) ဘာဆင်ခြေတွေများရှိနေလို့ မေ့နေကြတာလဲ.. စီးပွားရေးအဆင်မပြေလို့လား. နိုင်ငံရေးကြောင့်လား. ချစ်တဲ့သူတွေကြောင့်ပဲလား.. ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အချိန်တန်ရင်ကိုယ်က သူ့ရှေ့ရောက်ရတော့မှာပဲ..

ဒါကြောင့် သင်္ကြန်ဆိုတာ ဂဏာန်းတွေတိုးပြပြီးတော့ ကိုယ့်ကို တစ်နှစ်ကြီးလာပြီဆိုတာ သတိပေးတဲ့အနေနဲ့ ရောက်လာတဲ့ သေမင်းတမန်ပေါ့.. အဲဒီအချိန်ကာလတွေက ကိုယ့်ကို တဖြည်းဖြည်း ၀ါးမျိုးလာပြီးတော့ ၀ါးမျိုးစရာလည်းကုန်ရော သေရတော့တာပါပဲ.. အဲဒီကိုယ့်ကိုမသေ သေအောင်သတ်ပွဲကိုတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အားပေးနေတာတော့ သိပ်မကောင်းပါဘူး. တီကောင်အဖြစ်ထက်ဆိုးနေမယ်.. အဲဒီတီကောင်ဆိုတဲ့ တိရိစ္ဆာန်ထက် မဆိုးအောင် သင်္ကြန် ရောက်လာပြီဆိုတိုင်း ဆိုတိုင်း ရက်စွဲတွေရေးတိုင်းရေးတိုင်း ကိုယ့်ကို တဖြည်းဖြည်း ၀ါးမျိုနေတယ် ဆိုတာလေးတော့ သတိရကြပါလို့တိုက်တွန်းလိုက်ချင်ပါတယ်…. (ဆက်ရန်)

Advertisements







%d bloggers like this: