နိဗ္ဗာန်ရောက်ရေးတိုက်တွန်းချက်

24 02 2010

ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ကတော့ မဂ် ဖိုလ် နိဗ္ဗာန် ရောက်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုသိုလ်လုပ်တိုင်းလဲ မဂ် ဖိုလ် နိဗ္ဗာန် ရ ရ ပါလို၏ လို့မပါမဖြစ် ဆုတောင်းကြတာပါပဲ။ အဲဒီလို တောင်းပင်တောင်းငြားသော်လည်း မဂ်ကဘာလဲ ဖိုလ်က ဘာလဲ နိဗ္ဗာန်က ဘယ်လိုလဲ ဆိုတာ စာပေတွေ မလိုက်စားရင် တရားသဘင်တွေကို စိတ်မ၀င်စားရင်၊ နောက် ဆရာသမားကောင်းတွေကို မမှီဝဲရင် ဘယ်လိုမှ မှန်းဆလို့လဲမရ ကိုယ့်ဥာဏ်ထဲမှာလဲ မရှင်းကြပါဘူး။ မဂ်က တစ်ခုလား နိဗ္ဗာန်က တခုလား စသဖြင့် ဘယ်လိုမှကိုယ့်အတွေးထဲမပေါ်နိုင်ပါဘူး။ တွေးကြရင်တော်ရဲ့။ သိချင်စိတ်နဲ့ လိုက်လေ့လာကြဦးမှာ။ များသောအားဖြင့်ကတော့ ဘုရားကန်တော့ချိုးထဲပါနေလို့သာ ရွတ်လိုက်တာ သိချင်စိတ်လဲမပေါ်၊ သိအောင်ကျိုးစားရမှန်းလဲမသိ၊ ကျိုးစားရမှန်းမသိတော့လဲ သိအောင်လဲ မကျိုးစားဖြစ်၊ သိအောင်မကျိုးစားတော့လဲ မသိ၊ မသိတော့လဲ မလွတ်မြောက်တော့၊ .. … . .. .. .. .. ကျွန်တော်ကိုယ့်ဘာသာကိုယ် သတိထားမိသလောက်တော့  ဘုရားကျောင်းကန်နားနေတုန်းက ဘုရားအကြောင်း တရာအကြောင်း ပြောသူ နားထောင်သူ သိပ်ပေါတော့ ဘုရာတရား အကြောင်းသိတဲ့သူတွေ တော်တော်များပါသေးလားလို့ တွေးမိတယ်.. အခုဆို ဘုရားကျောင်းကန်နဲ့       ဝေးတဲ့ တရားသံနဲ့ဝေးတဲ့ လူတောထဲရောက်လာတော့.. တွေ့ကြုံရတဲ့သူတွေက ကန်တော့ချိုးထဲပါလို့ ရွတ်လိုက်တာပဲ ဘာကိုဆိုလိုသလဲမသိ.. သိအောင်လုပ်ဖို့လဲ သတိမရ.. မဂ်ခန်းဖိုလ်ခန်းရောက်ဖို့ဆို ဝေးစွ… မဂ်၊ဖိုလ်၊နိဗ္ဗာန် ကိုဘယ်လိုယူဆသလဲဆိုတာ မှန်းဆ၍ပင်မရတော့… တရားလုပ်တယ်ဆိုတာ ကောင်းတယ်တော့သိတယ်.. ဘယ်လိုကောင်းသလဲလို့ မေးလိုက်ရင် မဖြေတတ်ကြတော့။ ကောင်းတာပဲသိတယ် ဘယ်လိုကောင်းမှန်းတော့မသိ… ပြောသံကြားနဲ့ ကောင်းလိုက်ကြတာချည်းပဲ… မဂ်၊ဖိုလ်အကြောင်း           ၀ိပဿနာ အကြောင်းပြောရင်ကိုပဲ စကားကြီး စကားကျယ်တွေ ပြောနေတယ်လို့တောင် ပြောတတ်ကြသေးတယ်… ဘယ်လိုလွတ်မြောက်ကြတော့မှာလဲ….

အဲဒီလိုဖြစ်ရခြင်းကတော့ ဆရာသမားကောင်းတွေကို မဆည်းကပ်ခြင်း၊ သူတော်ကောင်းတရား မနာကြားရခြင်း တို့ကြောင့်ပါပဲ.. သူတော်ကောင်းတွေနဲ့ပေါင်းမှ သူတော်ကောင်းတရားနာကြားခွင့်ရပြီး သူတော်ကောင်းအလုပ် လုပ်လုပ်နိုင်မယ်..သူတော်ကောင်းအလုပ် လုပ်မှလဲ သူတောင်ကောင်းအဖြစ်သို့ရောက်နိုင်မယ်… အဲဒီလို ကိုယ် ကိုယ်တိုင်သူတော်ကောင်းဖြစ်ဖို့ အရင် သူတော်ကောင်းကိုပေါင်းသင်းဖို့က နံပါတတစ် ဖြစ်လာတယ်…ဒါပေမယ့် ဘယ်လို ဆရာကောင်းသမားကောင်းရှာကြမလဲ ဆိုတာကလဲ အဓိက ပြဿနာဖြစ်လာပြန်တာပဲ… ဆရာသမားကောင်းမရပြန်ရင်လည်း ရည်မှန်းထားသလောက် ခရီးမပေါက်ပဲ အချိန်ကုန်ဖို့ပဲရှိပါတယ်..ဘာကြောင့်လဲဆိုတော့ ဥပမာ. နေရာဒေသတစ်ခုကို ကိုယ်ကသွားချင်တယ်.. လမ်းညွှန်မယ့်သူကိုသွားရှာတော့.. လမ်းညွှန်သူက ကောင်းကောင်းမညွှန်တတ်ရင် သွားရတဲ့ကိုယ်ကလဲ ဖြောင့်ဖြောင့် တန်းတန်းနဲ့ တစိုက်မတ်မတ် နဲ့ မသွားနိုင်ပဲ. သူပြောတာဟုတ်မှဟုတ်ပမလား..ဆိုပြီးလမ်းမှာ ကောက်ချင်းတိုင်းကောက် ကွေ့ချင်တိုင်း ကွေ့နေမှာ.. အဲဒီတော့ ကိုယ်ရောက်ချင်တဲ့နေရာကို မြန်မြန်နဲ့ရောက်ချင်ရင် လမ်းကောင်းကောင်းညွှန်တဲ့သူလိုနေပြီဆိုတာနည်းနည်းပေါ်လာပြီ။ လမ်းညွှန်တတ်တယ် မညွှန်တတ်ဘူးဆိုတာကတော့ ညွှန်တဲ့သူအပေါ်မှာမူတည်တယ်.. သူက ကိုယ်သွားချင်တဲ့နေရာကိုတော့ရောက်ဖူးတယ် ဆိုရင် သူလျှောက်ခဲ့တဲ့လမ်းအတိုင်းတော့ပြောပြမှာပဲ..ရောက်တော့ရောက်ဖူးတယ် လမ်းတော့မညွှန်တတ်ဘူးဆိုတာလဲဖြစ်နိုင်တာပဲ… အဲဒီတော့ ရောက်ဖူးတဲ့သူလည်းဖြစ်မယ်၊ လမ်းလည်းညွှန်တတ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့.. အဲဒါဆိုရင် ကိုယ်ရောက်ချင်တဲ့နေရာ ဆိုတဲ့ နိဗ္ဗာန် ကိုသွားရာလမ်းတော့အရင်သိခွင့်ရမှာပဲ… လမ်းသိမှ လမ်းသွားလို့ရမှာပေါ့.. လမ်းသွားမှလည်း ရောက်တယ်ဆိုတဲ့အဖြစ်ကိုရောက် နိုင်တော့မှာဖြစ်လို့ အရောက်မသွားခင် လမ်းလေးတော့အရင်မေးကြပါဦးလို့ တိုက်တွန်းလိုက်ချင်ပါတယ်….








%d bloggers like this: