ငါက လေတံခွန်တစ်ကောင် ထိန်းသမား
အမြင့်လွတ်မလား.. အလှသိမ်းမလား..
ငါ့အပေါ်ပဲမူတည်တယ်..
ငါကပဲ ငါ့ကိုပြောဦးမယ်.
လေတံခွန်ကွ.. လေမှာ တံခွန်လို လွင့်ဖို့.
ငါကပဲ ငါ့ဟာငါ စဉ်းစားဦးမယ်.
ဒီကောင့်ကို ကြိုးနဲ့ချည်ထားတာ
ငါကြိုးဆွဲသလို ပျံရမှာပေါ့..
ငါကတော့ ငါ့အထင်နဲ့ငါ ငါ့ဘ၀င်နဲ့ငါ
လွတ်လိုက် ဆွဲလိုက်ပေါ့..
လေမိလေ လွတ်ကောင်းလေဆိုတာကို
မသိဘာသာ နှစ်ချိုက်မိနေတော့
မြင့်လေ ကြိုက်လေပေါ့..
ငါကတော့ အမြင့်ပျံလို့
တိမ်တွေတောင် အံတုလိုက်သေးတယ်..
လေဦးမှာ ဟုတ်မလိုနဲ့
လေရှုးမှာ ပျာယာခတ်မှပဲ
ငါ… ပြန်ဆွဲဖို့ သတိရတော့တယ်..
ငါကအောက်မှာနေတာ
အပေါ်လေကိုဘယ်မှာ ငါ… သိခဲ့ဘူးမှာလဲ..
ပြန်ဆွဲမယ်ဆိုပြီး သတိဝင်တဲ့ချိန်ကျတော့
လေကြမ်းကခံ ကြိုးကမဟန်တော့မှ
ငါလွတ်လိုက်တာ ကြိုးကုန်လုမတတ်ပဲ ဆိုတာသိတော့တယ်.
လျော့ရင်း ဆွဲရင်းနဲ့
လုံးရာက ပါး, ပါး လာတော့မှပဲ
ငါက ငါ့ကိုယ်ငါ
ပရုတ်လုံး ဖြစ်မှန်း သိတော့တယ်..
ခုကျမှ တင်းတင်းဆွဲမရ
လွတ်မိတော့လည်း ပြတ်တတ်တဲ့ကြိုးနဲ့
ဆွဲမယ်လုပ်ပြန်တော့
ရှိတဲ့ကြိုးနဲ့ လေကို အံမတုနိုင်
ဆုပ်လည်းဆူး စားလည်းရူး
ရှေ့မှာချောက် နောက်မှာ အမြှောက်
မခိုင်တဲ့ ကြိုးတန်းလန်းနဲ့
…………………………..
အစကတည်းက ငါ..
မလွတ်လိုက်ရင် အကောင်းသား….