ဥပါဒါနက္ခန္ဓာ

24 02 2010

ဥပါဒါန်+ခန္ဓာ

– စွဲလန်းသူက ဥပါဒါန်.. အစွဲခံသူက ခန္ဓာ.. စွဲလန်းသူကသက်သက် စွဲလန်းခံရသူကသက်သက်. . သူတို့နှစ်ခုကသဘောမတူလို့ မတူဘူး.. ခန္ဓာက အစွဲခံရတာ.. ဥပါဒါန်က စွဲတာ.. မတူဘူးဆိုပေမယ့် တခြားဆီလည်း မဟုတ်ဘူး.. အစွဲလန်းခံရသူပေါ်မှာ စွဲလန်းသူက စွဲလန်းမှ အစွဲခံသူ နဲ့ စွဲသူ နှစ်ခုက အာရုံ နဲ့ အာရာမဏိကအားဖြင့် ကြောင်းကျိုးဆက်နေတယ်… အစွဲခံရသူ ခန္ခာပဲရှိတယ်. စွဲသူမရှိဘူးဆိုရင် ခန္ခာသက်သက်ပဲ.. ဥပါဒါနက္ခန္ဓာ လို့မခေါ်ဘူး.. ဥပါဒါန်ပြုတ်နေလို့… ဒါကြောင့် သူတို့နှစ်ခုက (ဥပါဒါန် နဲ့ ခန္ဓာ) အတူတူ ပဲလားဆိုရင် သဘောမတူလို့… အတူတူမဟုတ်ပါဘူး.. တခြားစီလားဆိုပြန်ရင်လည်း. စွဲသူရှိရင် အကြောင်းအကျိုးဆက်နေလို့ တခြားစီလည်း မဟုတ်ပါဘူး။


Actions

Information

Leave a comment