ပဋိစ္စသမုပ္ပါဒ် – သင်ရိုးအကျဉ်းမှတ်စု

25 06 2012




ကံကောင်းအောင်ဘယ်လိုနေမလဲ

25 06 2012




၂၀၁၂- ခုနှစ် စင်္ကာပူနိုင်ငံ စင်္ကာပူမြို့၏ အရုဏ်တက်ချိန်ဇယား (စင်္ကာပူ ဒေသစံတော်ချိန်)

26 02 2012

၂၀၁၂- ခုနှစ် စင်္ကာပူနိုင်ငံ စင်္ကာပူမြို့၏ အရုဏ်တက်ချိန်ဇယား (စင်္ကာပူ ဒေသစံတော်ချိန်)

 Download PDF File Here

အရှင်သီရိဓမ္မ မှပေးပို့ပါသည်…





အရေးကြီးပုံ

19 01 2012

ဘာကိုကြည့်တယ်ဆိုတာ အရေးမကြီးဘူး

ဘယ်လိုကြည့်တယ်ဆိုတာပဲ အရေးကြီးတယ်

မဟုတ်ရင်……….

ကိုယ့်အောက်ကျတဲ့သူကို ကြည့်ပြီးတော့ မာနဖြစ်ရမယ်

ကိုယ်ထက်သာတဲ့သူကို ကြည့်ပြီးတော့ က္ကသာ၊ မစ္ဆရိယ ဖြစ်ရမယ်

ကိုယ့်ကိုကိုယ် ကြည့်ပြီးတော့ ဒိဋ္ဌိ ဖြစ်ရမယ်

အလှအပကို ကြည့်ပြီးတော့ လောဘ ဖြစ်ရမယ်

အနိဌာရုံတွေ ကြည့်ပြီးတော့ ဒေါသတွေ ဖြစ်ရမယ်

မြင်နေကြ အာရုံတွေ ကြည့်ပြီးတော့ မောဟတွေ ဖြစ်ရမယ်

ကိုယ့်လုပ်ရပ်တွေကို ပြန်ကြည့်ပြီးတော့ ကုက္ကုစ္စ ဖြစ်ရမယ်……

………………………………………………………………………………

ဘယ်လိုကြည့်မယ်ဆိုတာထက်

ဘယ်လိုကြည့်ရတယ်ဆိုတာကို သင်ကြားတတ်မြောက်ဖို့ကတော့ အရေးအကြီးဆုံးပဲ….

အဲဒါဆိုရင် ဘာကို ကြည့်ကြည့်အရေးမကြီးတော့ဘူး….

***** မှတ်ချက်။ ။ အမှား၊ အမှန် ချင့်ချိန်ယုံကြရန်..





အကောင်းနှင့်အဆိုး

26 12 2011

လောက၌ အယုတ်နှင့်အမြတ်၊ အနိမ့်နှင့်အမြင့်၊ အပင့်နှင့်အထောင်း၊ အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး စသည်တို့သည် အစဉ်ဒွန်တွဲ၍ တည်ရှိနေကြသည် မှန်၏။

သို့ရာတွင် မည်သည့်အရာသည် အဆိုးဖြစ်၍ မည်သည့်အရာသည် အကောင်းဖြစ်သနည်း။ ဘ၀တွင် အဆိုးနှင့် အကောင်းတို့ကို ခွဲခြားသိရန် အလွန်အရေးကြီး၏။

အမှောင်ကို ထောက်ချင့်၍ အလင်းကိုသိအပ်သလို အဆိုးကို ထောက်ချင့်ပြီးမှ အကောင်းကို သိရာသလော။

အိုင်းစတိုင်း၏ ဆက်သွယ်မှုသီအိုရီ (Einstein’s Theory of Relativity) အရ ရည်ညွှန်းချက်ဘောင် (Reference-Frame) တစ်ခုကို စိတ်ကြိုက်ရွှေးချယ်သတ်မှတ်ပြီးမှ အရာရာ၏တန်ဖိုးကို ဆုံးဖြတ်နိုင်သလော။ ဥပမာ ရှေ့အရပ်ကို သတ်မှတ်ပြီးမှ ၎င်း၏ဆန့်ကျင်ဘက် အရပ်ကို အနောက်မျက်နှာဟု ခေါ်ဆိုမည်လော။ အရှေ့အရပ်မရှိဘဲနှင့် အနောက်မျက်နှာသည် သီးခြားရှိနိုင်သလော။

ထိုနည်းတူ အဆိုးတရားတစ်ခုကို ကိုးကားချက်ပြုပြီးမှ ထိုအဆိုးတရားလောက် မဆိုးသောအရာကို အကောင်းတရားဟု သတ်မှတ်မည်လော။ စံသတ်မှတ်ထားသော အကောင်းတရားတစ်ခုလောက် မကောင်းသည့် အရာဟူသမျှကို အဆိုးတရားချည်းဟု သတ်မှတ်မည်လော။

အဆိုးတရားနှင့် အကောင်းတရားတို့သည် တစ်ခုပေါ်တစ်ခု မမှီခိုဘဲ သီးခြားတည်ရှိနိုင်ကြသလော။ မည်သည့်ရည်ညွှန်းချက်ဘောင်မှ ရှုကြည့်စေကာမူ အဆိုးတရားသည် အစဉ်ဆိုးယုတ်၍ အကောင်းတရားသည် အစဉ်ကောင်းမွန်ပါသလော။

မည်သို့သော သဘောတရားများကို ကောင်းသည်၊ မည်သို့သော သဘောတရားများကို ဆိုးသည်ဟု သတ်မှတ်မည်နည်း။

အဆိုးနှင့်အကောင်းကို ခွဲခြားသတ်မှတ်ခြင်းသည် လွယ်ကူသောအလုပ် မဟုတ်ပါ။ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများပင်လျှင် အခက်အခဲ ကြုံတွေဲခဲ့ကြရ၏။ တစ်ဦးနှင့်တစ်ဦးလည်း အယူအဆချင်း မတူညီကြပါ။ တစ်နည်းဆိုသော် အကောင်းနှင့်အဆိုးကို ခွဲခြားသတ်မှတ်ရန်အတွက် ကမ္ဘာ့တွေးခေါ်ရှင်ကြီးများသည် ယခုတိုင်ပင် အချင်းချင်း ငြင်းခုံနေကြဆဲဖြစ်၏။

သာဓကပြရသော် တရားမျှတမှုသည် ကောင်း၍ မတရားခြင်းသည် ဆိုးသည်ဟု ကမ္ဘာ့တွေးခေါ်ရှင်တို့ သတ်မှတ်ခဲ့ကြ၏။ သို့ရာတွင် မည်သို့သော အခြင်းအရာသည် တရားမျှတ၍ မည်သို့သော အခြင်းအရာများသည် တရားမျှတမှုမရှိဟု သတ်မှတ်ရာတွင် သဘောတူညီမှု မရကြချေ။

တရားမျှတမှု (Justice) ကိုရှေ့တန်းတင်၍ ဟောပြောခဲ့ကြသော ရှေးဂရိတွေးခေါ်ရှင်ကြီး ပလေတို (Plato) နှင့် အရစ္စတိုတယ် (Aristotle) တို့ကိုယ်တိုင်ပင်လျှင် စစ်သုံ့ပန်းများကို ကျွန်အဖြစ်ခိုင်းစေခြင်းသည် တရားမျှတသည်ဟု ကြွေးကြော်ခဲ့ကြ၏။

လူလူချင်းကျွန်ပြုသော စနစ်သည် တရားမျှတမှုမရှိဟု ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ယနေ့တညီတညွှတ်တည်း လက်ခံထားကြ၏။

သို့ဆိုလျှင် ယခုစာဖတ်သူများသည် အကောင်းနှင်အဆိုးကို ခွဲခြားသိကြပါသလော။

မည်သို့သောအလုပ်သည် ကောင်းမှုဖြစ်၍ မည်သို့သော အလုပ်သည် မကောင်းမှုဖြစ်ပါသနည်း။………..

မှတ်ချက်။ ။အဖိုးတန်ဆုံးဘ၀ပညာစာအုပ်မှ……





ငါလွတ်တဲ့ လေတံခွန်

1 12 2011

ငါက လေတံခွန်တစ်ကောင် ထိန်းသမား

အမြင့်လွတ်မလား.. အလှသိမ်းမလား..

ငါ့အပေါ်ပဲမူတည်တယ်..

ငါကပဲ ငါ့ကိုပြောဦးမယ်.

လေတံခွန်ကွ.. လေမှာ တံခွန်လို လွင့်ဖို့.

ငါကပဲ ငါ့ဟာငါ စဉ်းစားဦးမယ်.

ဒီကောင့်ကို ကြိုးနဲ့ချည်ထားတာ

ငါကြိုးဆွဲသလို ပျံရမှာပေါ့..

ငါကတော့ ငါ့အထင်နဲ့ငါ ငါ့ဘ၀င်နဲ့ငါ

လွတ်လိုက် ဆွဲလိုက်ပေါ့..

လေမိလေ လွတ်ကောင်းလေဆိုတာကို

မသိဘာသာ နှစ်ချိုက်မိနေတော့

မြင့်လေ ကြိုက်လေပေါ့..

ငါကတော့ အမြင့်ပျံလို့

တိမ်တွေတောင် အံတုလိုက်သေးတယ်..

လေဦးမှာ ဟုတ်မလိုနဲ့

လေရှုးမှာ ပျာယာခတ်မှပဲ

ငါ… ပြန်ဆွဲဖို့ သတိရတော့တယ်..

ငါကအောက်မှာနေတာ

အပေါ်လေကိုဘယ်မှာ ငါ… သိခဲ့ဘူးမှာလဲ..

ပြန်ဆွဲမယ်ဆိုပြီး သတိဝင်တဲ့ချိန်ကျတော့

လေကြမ်းကခံ ကြိုးကမဟန်တော့မှ

ငါလွတ်လိုက်တာ ကြိုးကုန်လုမတတ်ပဲ ဆိုတာသိတော့တယ်.

လျော့ရင်း ဆွဲရင်းနဲ့

လုံးရာက ပါး, ပါး လာတော့မှပဲ

ငါက ငါ့ကိုယ်ငါ

ပရုတ်လုံး ဖြစ်မှန်း သိတော့တယ်..

ခုကျမှ တင်းတင်းဆွဲမရ

လွတ်မိတော့လည်း ပြတ်တတ်တဲ့ကြိုးနဲ့

ဆွဲမယ်လုပ်ပြန်တော့

ရှိတဲ့ကြိုးနဲ့ လေကို အံမတုနိုင်

ဆုပ်လည်းဆူး စားလည်းရူး

ရှေ့မှာချောက် နောက်မှာ အမြှောက်

မခိုင်တဲ့ ကြိုးတန်းလန်းနဲ့

…………………………..

အစကတည်းက ငါ..

မလွတ်လိုက်ရင် အကောင်းသား….





သဗ္ဗေသတ္တာ ကမ္မသကာ ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ

26 03 2011

သဗ္ဗေသတ္တာ ကမ္မသကာ

“ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ” တဲ့..

ကံ၏အကြောင်းကြောင့်ပဲ ဖြစ်ကြတာလား..ဒီလိုပဲပြောနေကြတာပဲလား.. ကံဖြစ်တိုင်းလည်း သတ္တ၀ါဖြစ်ရတော့မလား.. သေသေချာချာတော့ လေ့လာကြည့်သင့်တယ်..

ကံဖြစ်လို့ သတ္တ၀ါဖြစ်တာလား.. သတ္တ၀ါက ကံကြောင့်ဖြစ်တာလားလို့..

ဒီနှစ်ခုက မတူပါဘူး…

ကံကြောင့်သတ္တ၀ါဖြစ်တယ်ဆိုရင် ကံဖြစ်ရင် သတ္တ၀ါဖြစ်တော့မယ်လို့ အဓိပ္ပါယ်ထွက်မှာပဲ..

ဟုတ်လား.

ကံဖြစ်ရင် သတ္တ၀ါဖြစ်တော့မှာလား..

ကံကလည်း မဖြစ်ပါနဲ့ဆိုလို့လည်းမရဘူးလေ.. ကာယကံ၊ ၀စီကံ၊ မနောကံက တစ်ခုမဟုတ် တစ်ခု ထွက်နေမှာပဲလေ..

ဒါဆိုလည်း.. ဘာကံလုပ်ပြီး ဘာဖြစ်ပါစေ ဆိုပြီးလုပ်လိုက်ပါတော့..

လုပ်လည်း လုပ်နေကြတာပဲမလား..

နည်းနည်းစဉ်းစားစရာလေး လုပ်ပေးလိုက်တာပါ..

နောက်တစ်ခုက..

သတ္တ၀ါတွေက ကံကြောင့် ဖြစ်တာလား ဆိုတာလေးပါ..

သတ္တ၀ါတွေကို ကြည့်ပြီးတော့ ကံကြောင့် ဖြစ်တာလို့ ပြောမယ်ဆိုရင်တော့ ဘာမှ မပြောလိုပါဘူး..

”သဗ္ဗေသတ္တာ ကမ္မသကာ” ကိုး..

နောက်တစ်ခုက. ကမ္မဘ၀ ပစ္စယာ ဇာတိ လာတာကိုး..

ဒါကိုတော့ ဘာမှ ထောက်စရာ မရှိပါဘူး..

ထောက်စရာရှိတာက

ကံဖြစ်တိုင်း သတ္တ၀ါ ဖြစ်မယ်လို့ ရောယူထားတာကိုပါ…

ဒီနှစ်ခုက သေချာမခွဲခြားတတ်ရင် ရောနေလိမ့်မယ်..

ဘာရောတာလဲဆိုတော့ အတိတ်၊ ပစ္စုပ္ပုန် နဲ့ အနာဂါတ်တွေနဲ့ ရောလိုက်တာပါပဲ.

လက်ရှိ သတ္တ၀ါတွေက အတိတ် ကံကြောင့်ဖြစ်တာပေါ့…ဒါကြောင့်ကံဖြစ်ရင် သတ္တ၀ါဖြစ်တာပဲ..

ဒါနဲ့ဆက်ပြီး

အခုလက်ရှိ ကံဖြစ်ရင် အနာဂါတ် သတ္တ၀ါဖြစ်တယ်ဆိုပြီး ကာလတွေ အားလုံးကို အတူတူယူလိုက်ကြတော့တာပါပဲ..

အတိတ်၊ ပစ္စုပ္ပုန် နဲ့ အနာဂါတ်တွေ သေချာ မပိုင်းခြားတတ်ရင် သေချာပေါက် ရောပါတယ်..

အတိတ်ကံကြောင့် ပစ္စုပ္ပုန်ခန္ဓာ၊ ပစ္စုပ္ပုန်ကံကြောင့် အနာဂါတ်ခန္ဓာ

ကဲ..ထားပါတော့.

အတိတ်၊ ပစ္စုပ္ပုန် နဲ့ အနာဂါတ်တွေ ခွဲခြားတတ်ပြီပဲ..

ကံကြောင့် ဖြစ်တာလား ဆိုတာ လာပါတော့မယ်.. သတ္တ၀ါတွေလေ.

ှုဥပါဒါန ပစ္စယာ ဘဝေါ တဲ့.. (ဘဝေါ = ကမ္မဘ၀ = ကံ)

ဥပါဒါန် ဖြစ်ရင် ကံဖြစ်တယ်တဲ့..

ကံဖြစ်ရင်တော့ ဇာတိ ဆိုပြီး သတ္တ၀ါ ဆိုတဲ့ ပညတ်စတာပဲ..

ဥပါဒါန်က ကံကို ဖြစ်စေတယ်.. ကံက သတ္တ၀ါဖြစ်စေတယ်

အဲဒီတော့ သတ္တ၀ါက ကံ က ဖြစ်တာလား.. ဥပါဒန်က ဖြစ်တာလား.. ဆိုတာစဉ်းစားကြည့်..

ကံဖြစ်ရင် သတ္တ၀ါဖြစ်တယ် ဆိုတာ ကို သေချာ ကွဲပြားစေချင်လို့ပါ..

ဘာလို့လဲဆိုတော့ တစ်ချို့က ကံတော့ ဖြစ်ပါတယ်.. ဒါပေမယ့်. သတ္တ၀ါ မဖြစ်တော့ပါဘူး..

ဥပမာ.. ဥပါဒါန် မရှိတော့တဲ့ ပုဂ္ဂိုလ်.. ကံတော့ ဖြစ်တယ်.. အဲဒီကံက သတ္တ၀ါမဖြစ်တော့ဘူး..

အဲဒီတော့ ကံက သတ္တ၀ါဖြစ်တာလား. ဥပါဒါန်က သတ္တ၀ါဖြစ်တာလားဆိုတာ့ ပေါ်လာပြီပဲ..

ဥပါဒါန်ကတော့ သတ္တ၀ါကိုတော့ တိုက်ရိုက်မဖြစ်စေပါဘူး..

ကံကိုပဲဖြစ်စေတာပါ..

ဘာကံလဲဆိုတာ့ ဥပါဒါန်နဲ့လုပ်တဲ့ကံ…ဥပါဒါန်ကင်းပြီးလုပ်တဲ့ ကံဆိုပြီး ကွာသွားတယ်..

ဥပါဒါန်နဲ့ လုပ်တဲ့ ကံ ဆိုရင် ဥပါဒါနပစ္စယာဘဝေါ၊ ဘ၀ပစ္စယာ ဇာတိဆိုပြီး.. အနာဂါတ် သတ္တ၀ါဖြစ်ပါဘယ်..

ဥပါဒါန်ကင်း ပြီးလုပ်တဲ့ ကံဆိုရင် ဥပါဒါန နိရောဓါ ဘ၀နိရောဓေါ၊ ဘ၀ နိရောဓါ ဇာတိနိရောဓေါ ဆိုပြီး အနာဂါတ် သတ္တ၀ါ အဖြစ်မှကင်းပါတယ်…

ဥပါဒါန နိရောဓါ ဘ၀နိရောဓေါ ကိုး..

ဥပါဒါန် မရှိရင် ကံမရှိပါဘူးတဲ့… ဇာတိဖြစ်စေတဲ့ ကံကိုပြောတာ..

ဘ၀နိရောဓါ ဇာတိနိရောဓေါ ဆိုပြီး.. သတ္တ၀ါ ပညတ်ဇာတ်သိမ်းပါတယ်…

သဗ္ဗေသတ္တာ ကမ္မသကာ လုံးမချ စေချင်လို့ ဒါကို ထုတ်လာရတာပါ.

ကံက လုပ်တာဆိုပေမယ့် သူ့ကို ဥပါဒါန်က အုပ်ချုပ်ထားတယ် ဆိုတာ သိအောင်လို့ပါ..

ဒါကြောင့် ကံက တရားခံလား.. ဥပါဒါန်က တရားခံ လားဆိုပြီး.. လက်သည်ရှာကြည့်လိုက်ပါ..

ဥပါဒါန်ရှိနေသ၍ ဥပါဒါန်နဲ့ကံတွေလုပ်ပြီး ဇာတိလာမှာပဲ..

ဥပါဒါန်မရှိတော့ရင် ဥပါဒါန်နဲ့လုပ်တဲ့ ကံတွေလည်းကင်းပြီး.. ဆိုင်ရာဇာတိချုပ်တာပဲ..

ကံသည် သတ္တ၀ါကို ဖြစ်စေ၏ ဆိုတဲ့နေရာမှာ

ဥပါဒါန်ကင်းတဲ့ကံနဲ့

ဥပါဒါန်တွဲနေတဲ့ကံ ပေါ်မူတည်ပြီး သတ္တ၀ါ ဖြစ်တယ် မဖြစ်ဘူး လို့ပြောရတော့မှာပဲ….

အဲဒီတော့

“သဗ္ဗေသတ္တာ ကမ္မသကာ ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ” လို့ လုံးမချခင် ကိုယ်လုပ်တဲ့ကံက ဥပါဒါန်နဲ့လား.. ဥပါဒါန်ကင်းလားဆိုတာ ဆန်းစစ်ကြည့်ပြီးတော့ ဘာဖြစ်ပါစေ ညာဖြစ်ပါစေလုပ်ပေါ့….

…………………………………………………………………………………………………………………………..

“သဗ္ဗေသတ္တာ ကမ္မသကာ ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ”

“ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ”

“ဥပါဒါနနိရောဓါ ဘ၀နိရောဓေါ၊ ဘ၀နိရောဓါ ဇာတိနိရောဓေါ”    ကို ယှဉ်တွဲပြီး နားလည်သလို ဝေဖန်သုံးသပ်ထားခြင်းဖြစ်ပါတယ်..

ဥပါဒါန်လေးမျိုး..

ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်

မှတ်ချက်။    ။ ရေးချင်တာတွေ သိသလို ရေးထားသောကြောင့် အမှား အမှန်ကို ချင့်ချိန် ယုံကြရန်…..

အမှားဖတ်ပြီး အပြစ်ဖြစ်ခြင်းအတွက် တာဝန်မယူ…….








%d bloggers like this: